ဆုအမျိုးအစား-အစားအစာ

ဆုအမည်
:
ဂဏန်းလက်မချဉ်စပ်(၂)ပွဲ
ဆုအရေအတွက်
:
ဆုကာလ
:
၁၂-၀၃-၂၀၁၈ မှ ၂၄-၀၄-၂၀၁၈ ထိ
ဆုပေးမည်စနစ်
:
ကိုယ်တိုင်လာထုတ်စနစ်
ဆုအမျိုးအစား
:
အစားအစာ
Sponsored by
:
ဤဆုအား GCMoney(5000) ဖြင့် ကံစမ်းပါ။

ရွှေငပလီ (Seafood) ချက် ၏ ဆက်သွယ်ရန် လိပ်စာ

Yangon, Myanmar ☎: 09 965 142713 Facebook Page : https://www.facebook.com/%E1%80%B1%E1%80%9B%E1%82%8A%E1%80%84%E1%80%95%E1%80%9C%E1%80%AE-seafood-%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%81-461702847512457/

ရွှေငပလီ (Seafood) ၏ အမှာစကား

အားလုံးပဲ မင်္ဂလာပါ။ ရွှေငပလီ (Seafood) ချက် မှ ဖြစ်ပါတယ်။
ရွှေငပလီ (Seafood) ချက် မှ ဂဏန်းလက်မချဉ်စပ်(၂)ပွဲအား ကံထူးရှင်(၁)ယောက်အတွက် မဲဖောက်ပေးမည်ဖြစ်ပါသည်။ ဂဏန်းလက်မချဉ်စပ်(၂)ပွဲအား ကံထူးရှင်သို့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမည်ဖြစ်ပါတယ်။ ပါဝင်ကံစမ်းသော မိတ်ဆွေများကိုလည်း ရွှေငပလီ (Seafood) မှ နွေးထွေးစွာ ဖိတ်ခေါ်အပ် ပါ သည်။ ရွှေငပလီ (Seafood) တွင်ရရှိနိုင်သော Sea Food ဟင်းလျာများအား ဖော်ပြထားပါတယ်။


❀ မင်္ဂလာပါ ❀


ရန်ကုန်မြို့ က seafood lovers တွေ အတန်ဆုံး ရွှေငပလီ seafood (ချက်ခ) ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ
အရင်ဆုံးဘာကြောင့်ဒီ page လေးကို ဒီဆိုင်လေးကို ဖွင့်ဖြစ်တဲ့ရည်ရွယ်ချက်လေးကို ရှင်းပြပါရစေ
သိတဲ့အတိုင်း Seafood ဆိုတာကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ စိမ်းတဲ့အရာတော့မဟုတ်ပါဘူး
အခုဆိုရန်ကုန်မြို့ မှာ seafood ချစ်သူတွေ တဖြည်းဖြည်း များလာတာနဲ့ အမျှ ဆိုင်တွေလည်း တဖြည်းဖြည်း များလာတာကိုတွေ့ ရမှာပါ
အဲဒီဆိုင်တွေနဲ့ မတူဘဲ ရွှေငပလီက ဘာတွေ ထူးခြားလည်း ဆိုတာကို ရှင်းပြပေးပါ့မယ်
အပြင်ကဆိုင်တွေလိုမျိုး ကျွန်တော်တို့ က အမြတ်အစွန်း အများကြီးမတင်ပါဘူး
အပြင်ဆိုင်မှာ ဂဏန်းနှစ်ကောင်လောက်ကို တစ်ပွဲ 8000 , 9000 တွေပေးစားစရာ မလိုတော့ပါဘူး
ပုဇွန် ဂဏန်း ပန်းဂဏန်း ပြည်ကြီးငါး ကင်းမွန် ငါးရှဥ့် ဂုံးယောက်မ သွေးဂုံး တို့အပြင် အခြားပင်လယ်စာများကို လမ်းမတော်သံဈေး ကအစိမ်းဈေးနှုန်း အတိုင်းဝယ်ယူရရှိနိုင်ပါပြီ
ကျွန်တော်တို့ က 100 gram ကို မြန်မာကျပ်ငွေ 600 ပဲချက်ခယူမှာပါ (1 kilo = 61 ကျပ်သား , ဆက်သွယ်ချက်) ဒီချက်ခထဲမှာ ဟင်းတစ်ပွဲဖြစ်လာဖို့ ကြက်သွန်ဖြူကအစ ဆီ ဟင်းခတ်အမွှေးအကြိုင် အားလုံး ပါဝင်ပြီးဖြစ်လို့ အရမ်းတန်ပါတယ်။
အနည်းဆုံးတော့ half kilo မှာယူရပါမယ် အကောင်အကြီးအသေးပေါ်မူတည်ပြီးတော့ မှာယူလို့ ရပါတယ် ပြီးရင် ဈေးနှုန်းသပ်သပ် တင်ပေးပါ့မယ် ခင်မျာ
ဒါဆိုမိတ်ဆွေတို့ အပြင်မှာမတန်တဆပေး ပြီး ဝယ်စားရတဲ့ဒုက္ခကလည်းကင်းဝေး ကိုယ်တိုင်လည်းဈေးဝယ်စရာ မလိုဘဲ လက်ရာကောင်းကောင်း အဆင့်မြင့် စားဖိုမှူးတွေရဲ့ လက်ရာကို ချက်ခလေး ပေးရုံနဲ့ Seafood ကိုအဝဆွဲလို့ ရပြီပေါ့
ပိတ်ရက် home parties ပဲလုပ်လုပ် Company staff parties တွေပဲလုပ်လုပ် ဂဏန်းကြိုက်တဲ့ မိဘလူကြီးတွေကိုပဲ ကန်တော့ကန်တော့ ဟင်းချက်ရမှာပျင်းလို့ မိသားစုထမင်းစားဝိုင်း အတွက်ပဲမှာမှာ ချက်ခလေးပေးယုံနဲ့ မိမိတို့ စိတ်ကြိုက် အရွယ်အစား အလေးချိန် စိတ်ကြိုက်မီနူး လေးတွေရွေးပြီး မှာယူလို့ ရပါပြီခင်မျာ
ရွှေငပလီမှ ရန်ကုန်မြို့ က seafoods ချစ်သူတွေ အတွက် တာဝန်ယူပါရစေခင်မျာ ....
ရရှနိုင်သောဟင်းလျာများမှာ
(1) ဂဏန်းပေါင်း
(2) ဂဏန်းမဆလာချက်
(3) ဂဏန်းချဉ်စပ်
(4) ဂဏန်းလက်မ ချက်/ပေါင်း/မဆလာ
(5) ဂဏန်းယိုးဒယားဆော့စ်
(6) ဂဏန်းမြေထဲပင်လယ်ချက်
(7) ဂဏန်း red curry
(8) ပုဇွန်ထုပ်ကင်
(7) ကျားပုဇွန်ကင်
(9) ပုဇွန်ဆားမွှေးမွေးလှော်
(10) ပုဇွန်ပေါင်း
(11) ပုဇွန်အုန်းနို့ ချက်
(12) ပုဇွန် အနီရောင်ချက်
(13) ပုဇွန်ချဉ်စပ်မွှေး
(14) ပုဇွန်မဆလာချက်
(15) ပုဇွန်ခရမ်းချဉ်သီးအမွှေးအကြိုင်
(16) ပုဇွန်ကင် လီမွန်ဆော့စ်မွှေး
(17) ပြည်ကြီးငါးချဉ်စပ်
(18) ပြည်ကြီးငါးကင်ထိုင်းဆော့ချဉ်စပ်
(19) ပြည်ကြီးငါးပင်စိမ်းချက်
(20) ပြည်ကြီးငါးသုပ်
(21) ပြည်ကြီးငါးမြေထဲပင်လယ်ချက်
(22) ဂဏန်းပျော့ကြွပ်ကြော်
(23) ဂဏန်းပျော့ချဉ်စပ်
(24) ဂဏန်းပျော့မဆလာ
(25) ဂဏန်းပျော့အုန်းနို့ မဆလာ
(26) ပင်လယ်စာပဲကြာဇံသုတ်
(27) seafood စုံပင်စိမ်းချက်
(28) ကိုတံငါဟင်းစုံ
(29) အရက်သမားပင်လယ်စာ
(30) seafood garden salad
တို့ အပြင်မိမိတို့ စားချင်သောဟင်းပွဲ များကိုလည်း စိတ်ကြိုက်ချက်ခ သာ ပေးကာ မှာယူရရှိနိုင်ပါသည်
Delivery available - Delivery charges 1500-3500 (နယ်မပို့ ပါ)
Order ကြိုမှာယူရန်လိုအပ်ပါသည်။ 50000 အထက်မှာယူပါက free delivery ပို့ ပေးပါသည်


❀ ဂဏန်းလက်မ ချဉ်စပ်-5000 ❀


ဂဏန်းလက်မကိုမှ စပ်စပ်မွှေးမွှေးလေး စားချင်သူများအတွက် နံနံပင် ငရုတ်ကောင်းတို့ နဲ့  ပေါင်းစပ်ထားမှတော့ပျိုမေတို့ အကြိုက်ပေါ့။ အများကြီးမှအများကြီးနော်


❀ ဂဏန်းကြက်ဥမဆလာချက် - 7000 ❀


အလတ်ဆိုဒ် ၃ ကောင်
ကီလိုနဲ့ ဝယ်မစားချင်တဲ့ အစ်ကိုအစ်မ များအတွက် ကြက်ဥ အနှစ်ကိုအဆိမ့်ဖေါက် မဆလာ အုပ်ထားတဲ့အရသာလေးက တစ်မူထူးခြားနေစေမှာပါ ဂဏန်းချဉ်စပ် တစ်ပွဲ -7000။ အလတ်ဆိုဒ် ၃ ကောင်ပါပါတယ်။ အကောင်ကြီးရင် ၂ ကောင်ပါပါတယ်။ ကီလိုနဲ့ ခပ်တန်တန်လေးစားချင်သူများအတွက် အကြီးအသေးပေါ်မူတည်ကာ တစ်ကီလို -8000-10000-13000 အထိရှိပါသည် အကောင်ကြီးရင် ဈေးပိုပေးရပါတယ်ခင်မျာ။ ကျွန်တော်တို့ကတော့ ကတော့တစ်ကီလို 10000 ဆိုဒ်ကို recommend ပေးပါတယ် အကောင်အရမ်းလည်းမသေးလို့  ပြီးတော့တစ်ကီလိုကို 6 ကောင်ကနေ ၈ကောင် အထိပါတတ်လို့ ချက်ခနဲ့ ပေါင်းမှ 16000 ထဲနဲ့ အဝဆွဲလို့ ရတယ်လေ။ ချက်ခက တစ်ကီလိုမှ 6000 ထဲပါခင်မျာ။ မိမိနှစ်သက်ရာ size ကိုမှာယူစားသုံး နိုင်ပါတယ်


❀ ပန်းဂဏန်းမြေထဲပင်လယ်ချက် ❀


သူ့ ရဲ့ အဓိကအရသာကတော့အနှစ်ပါ အဆိမ့်ကဲပြီးထမင်းနဲ့ နယ်စားလိုက်လို့  ကတော့ ရှယ်ပေါ့ခင်မျာ
ထူးကဲတဲ့ အရသာ မြေထဲပင်လယ်စတိုင်ကို မြန်မာခံတွင်း တွေ့ အောင်ချက်ထားမှတော့ တစ်ခါလောက်တော့မြည်းစမ်းကြည့်ပါလား
ပန်းဂဏန်းအစိမ်းဈေး -10000 / 1 kilo Size ပေါ်မူတည်ကာ ၅ကောင်မှ ၇ကောင် အထိရတတ်ပါသည်
ချက်ခက 6000 ပါပဲခင်မျာ
Total 1kilo -16000 kyats only


❀ ပင်လယ်စာ seafood ပဲကြာဇံသုတ်-6000 ❀


ချဉ်စပ်အရသာနဲ့ ရှူးရှူးရှဲရှဲတွေက ဒီဟင်းရဲ့ trademarks တွေပါ။ ဝိတ်ချနေတယ်ဆိုရင်တော့ လှမ်းမှာလိုက်တော့ 09965142713.


❀ ဂဏန်းချဉ်စပ် တစ်ပွဲ -7000 ❀


အလတ်ဆိုဒ် ၃ ကောင်ပါပါတယ်။ အကြီးအသေးပေါ်မူတည်ကာ တစ်ကီလို 8000-14000 အထိရှိပါသည် အကောင်ကြီးရင် ဈေးပိုပေးရပါတယ်ခင်မျာ။ ကျွန်တော်တို့ ကတော့တစ်ကီလို 10000 ဆိုဒ်ကို recommend ပေးပါတယ် အကောင်အရမ်းလည်းမသေးလို့  ပြီးတော့တစ်ကီလိုဆို 6 ကောင်မှ 8 ကောင် အထိပါတတ်လို့ ချက်ခနဲ့ ပေါင်းမှ 16000။ ထဲနဲ့ အဝဆွဲလို့ ရတယ်လေ။ ချက်ခက တစ်ကီလိုမှ 6000 ထဲပါခင်မျာ။ မိမိနှစ်သက်ရာ size ကိုမှာယူစားသုံး နိုင်ပါတယ်။


❀ ကြက်အုန်းနို့ ကင် - 4500 ❀


ကျွန်တော်ာတို့ ရဲ့ ထိုင်းစားဖိုမှူးကပြောတယ်။ ၂ ချောင်းနည်းတယ်တဲ့။ ကြက်ပေါင် ၃ ချောင်းမှ 4500 ပါတဲ့။
ဓါတ်ပုံထဲမှာတော့ ၂ ချောင်း အပြင်မှာတကယ် order မှာရင်တော့ ၃ ချောင်းပါပါမယ်နော် ပိုထည့်ပေးလို့ စိတ်မဆိုးကြေး
ကြက်ပေါင်နှစ်ချောင်းကို ထိုင်းဆော့စ်ရယ် အုန်းနို့ ရယ်နဲ့  နှပ်ချိန် ၈ နာရီခန့် ယူကာ မီးအေးအေးနဲ့ ကင်ထားသောကြောင့် ကြက်သားကချိုမွှေးလွန်းပြီး တစ်ခြား ဘယ်ကြက်ကင်နဲ့ မှမတူလို့ စမ်းကြည့်ပါလား
သတိ အုန်းနို့ ပါလို့ သွေးတိုးသမားတွေ သတိထားကြပါလို့။ အရက်နဲ့ လည်းတွဲမသောက်နဲ့ နော် နတ်ပြည်မှာနတ်သားလေးဖြစ်မှာစိုးလို့ ။ သူငယ်ချင်းတွေအများကြီးနဲ့ စားမှာ မလို့  ကြက်ပေါင်ကင် 10 ချောင်း ဆိုရင် တစ်ချောင်းကို 1200 ဈေးနဲ့ ထပ်လျော့ပေးဦးမယ်နော် 10 ချောင်းမှ 12000 ပဲကြမယ်။ ပွဲနဲ့ စားတာထက်ပိုတန်တာပေါ့


❀ ပျိုမေတို့ အကြိုက် ❀


ကင်းမွန်ပေါင်း ထိုင်းဆော့စ် ချဉ်စပ်
ကင်းမွန် ကောက်ညှင်း အစာသွပ်
ကင်းမွန် ကြက်သားအစာသွပ်
ကင်းမွန်ကိုမှ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ငံပြာရည် ရှင်္မးနံနံ အပြင် တစ်ခြားနှစ်လိုဖွယ် ပါဝင်ပစ်စာည်းများစွာသုံးစွဲထားပြီး
မြန်မာတို့ အကြိုက်စားလိုက်တာနဲ့ ရှူးရှဲ ဖြစ်သွားမယ့် အရသာပါ
ဓါတ်ပုံက ထိုင်း page တစ်ခုထဲက ယူသုံးထားတာပါ ဒီမှာတော့အဲလောက်ကြီးတဲ့ကောင်တွေ ဈေးမှာရှားလို့ အကောင်သေးလေးတွေ နဲ့ လုပ်ပေးပါတယ်နော်
ဈေးကတော့ ဘယ်လိုကင်းမွန်ဟင်း စားချင်လည်းဆိုတဲ့အပေါ်မူတည်ပါတယ်နော်
များသောအားဖြင့် တစ်ကီလိုကို 10000 လောက်ရှိတတ်ပြီး အရွယ်အစားကြီးရင်ဈေးပိုပေးရတတ်ပါတယ် သူငယ်ချင်း 5 ယောက်လောက်စုစားရင် အကောင်းဆုံးပါပဲ။ ရှူးရှဲ ရှူးရှဲနဲ့ စကားတောင်ပြောနိုင်မှာ မဟုတ်ပါဘူး။ တစ်ပွဲကို 7000 ပါ။ စားကြည့်လိုက်ပါ စပ်သွားရင်တော့တာဝန်မယူပါ။


❀ ပုဇွန်ထုပ်ကင် ❀


ချောင်းသာ ငွေဆောင် တွေသွားပြီး ပုဇွန်ထုပ်ကင်တွေ မစားရတာကြာလို့  စိတ်မကောင်းမဖြစ်ပါနဲ့ နော်။ အခုဒီမှာ အတန်ဆုံး အလတ်ဆတ်ဆုံး ရေချို ပုဇွန်ထုပ်ကင်တွေမှာစားလို့ ရနေ ပါပြီ။ တစ်ပိသာ 28000 ၁၆ ကောင် size ပါ။ ချက်ခက 6000 ထဲပါခင်မျာ။ တစ်ပိသာဆိုတစ်ကီလိုခွဲ ချက်ခ 9000 ကျသင့်ပေမယ့်အားလုံးကိုတန်စေချင်တဲ့ စေတနာနဲ့ ဈေးလျော့ပေးထားတာပါခင်မျာ။ Total -32000 ကျပ်ပါခင်မျာ။ တစ်ဗန်းပါပါမယ် ၁၆ ကောင် အကောင်ကြီး တွေပါခင်မျာ။ ထိုင်းဆော့စ် ချဉ်စပ်လေးပါတွဲပေးထားတော့ အဝစားယုံပဲပေါ့ခင်မျာ။ အကောင်သေးနဲ့ များများစားချင်လည်းရတယ်နော် ဈေးပိုသက်သာမယ်။ တစ်ခြား ကျားပုဇွန်ကင်တို့ ဘာတို့ စားချင်ရင်လည်းရပါတယ်နော် ဈေးလေးနည်းနည်းပိုသက်သာသွားတာပေါ့။
မှတ်ချက် ဈေးနှုန်းအပြောင်းအလဲ အမြဲရှိပါသည်


❀ ပုဇွန်ဆီမွှေး ❀


သူ့ ရဲ့ အဓိက အရသာက အနှစ်လေးပါ Thai ဆော့စ်နဲ့ မြန်မာ့အကြိုက်အရသာလေး ကိုတွဲပြီး လက်ရာဆန်းဆန်းစားချင်သူများ အတွက်တီထွင်ထားတာပါ။ ထမင်းလေးနဲ့ တွဲစားကြည့်ရင် ဆိမ့်နေတဲ့အရသာလေးကိုခံစားရမှာပါ။ ပုဇွန်ထုပ်တစ်ပိသာ 24000 ကျပ် (16 ကောင် size)
ချက်ခတစ်ကီလိုခွဲဆိုတော့ -9000
ဒီတစ်ဗန်းကို 34000 ကျပ်ပါခင်မျာ


❀ ပန်းဂဏန်း ❀


အစိမ်းဈေး 1 kilo -10000
ချက်ခ -6000
Total -16000 for 1 kilo
အကောင်အသေးအကြီးပေါ်မူတည်ကာ ၅ ကောင်မှ ၉ ကောင်အထိပါသည်။ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။ အကောင်ရေများများစားချင်ရင်သေးသေးလေးနဲ့ များများစား နည်းနည်းနဲ့ အကောင်ကြီးကြီးစားချင်လည်း ရတယ်နော်။


စည်းကမ်းသတ်မှတ်ချက်များ

(၁)

signup ပြုလုပ်ရာတွင် ကျေးဇူးပြု၍ information များကို မှန်ကန်စွာ ဖြည့်ပေးပါ။

(၂)

Get Chance တွင် signup ပြုလုပ်သည့် နာမည်သည် မှတ်ပုံတင်တွင်ပါသော နာမည်နှင့်မတူပါက၊ ၄င်း member မှာ ကံထူးရှင် ဖြစ်ခဲ့ပါက ဆုထုတ်ပေးမည် မဟုတ်ပါ။

(၃)

ကံထူးရှင်အတွက် ဆုမဲထုတ်ပေးရာတွင် အချိန်နှင့်နေရာကို mail ဖြင့် အကြောင်းကြားပေးခြင်း၊
https://www.facebook.com/GetChanceMyanmar တွင်ကြေငြာပေးခြင်းဖြင့် အကြောင်းကြား သွားပါမည်။ သတ်မှတ်ရက်အတွင်း လာမထုတ် ပါက (လုံးဝ) ထုတ်ပေးမည် မဟုတ်ပါ။

(၄)

ပေါက်မဲပစ္စည်းထုတ်ရာတွင် ကံထူးရှင်မှ မှတ်ပုံတင်နှင့် တကွ လာရောက် ထုတ်ယူရပါမည်။

(၅)

ဆုမဲဖောက်ပေးသည့်နေ့တွင် ကံထူးရှင်အား email ဖြင့်အကြောင်းကြားပေးမည်ဖြစ်ပြီး (၅)ရက်အတွင်း ပြန်လည်
အကြောင်းပြန်ကြားခြင်း မရှိပါက ကံထူးရှင်အဖြစ်မှ ပယ်မည်ဖြစ်ပါသည်။

(၆)

ကံထူးရှင်များအား ရွေးချယ်ရာတွင် Get Chance မိသားစုဝင်များ ပါဝင်ခွင့်မပြုပါ။

(၇)

ဆုရွေးချယ်ရာတွင် (Get Chance Team)၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။


စည်းကမ်းချက်များအားလိုက်နာမည်ဆိုပါက အောက်ပါ ဆုရွေးမည်ခလုတ်အား နှိပ်၍ ဆုစတင် ကံစမ်းနိုင်ပါသည်။



GET CHANCE APK DOWNLOAD




သြဂုတ်လ ကံထူးရှင်များ