ဆုအမျိုးအစား-Science Accessories

ဆုအမည်
:
Telescope
ဆုအရေအတွက်
:
ဆုကာလ
:
၀၂-၀၁-၂၀၁၇ မှ ၀၂-၀၂-၂၀၁၇ ထိ
ဆုပေးမည်စနစ်
:
ကိုယ်တိုင်လာထုတ်စနစ်
ဆုအမျိုးအစား
:
Science Accessories
Sponsored by
:
ဤဆုအား GCMoney(2000) ဖြင့် ကံစမ်းပါ။

Myanmar Gadget City ၏ဆိုင်လိပ်စာ

Address
:အမှတ် (၉၃) ၊ ၄ လွှာ (ယာ) ၊ သဟာရလမ်း ၊ ဘာတာမှတ်တိုင် ၊ ရန်ကုန် – အင်းစိန်လမ်းမကြီးအနီး ၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့။
Phone
:09 450663822 , 09 450663922 , 09 450693123 , 09 425331586
Website
:http://www.myanmargc.com/
Facebook Page : https://www.facebook.com/mgconlinestore/?fref=ts&ref=br_tf

Myanmar Gadget City ၏ အမှာစကား

အားလုံးပဲ မင်္ဂလာပါ။ Myanmar Gadget City မှ ဖြစ်ပါတယ်။
အဝေးကြည့်မှန်ပြောင်း (Telescope) ဆု (၃)ဆုအား ကံထူးရှင်(၃)ယောက်ကို မဲဖောက်ပေးမည်ဖြစ်ပါသည်။ ကံစမ်းပေးမှုအတွက် အားလုံးကိုကျေး ဇူး အထူးတင်ရှိပါတယ်။ ၀င်ရောက် ကံစမ်းသော မိတ်ဆွေများအားလည်း Myanmar Gadget City ဆိုင်မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။


Kinetic Orbitial Motion Set (Price - 13500 Ks)



အိမ်ခန်း နဲ့ ရုံးခန်းတွေမှာ အလှဆင်ရန် အတွက် စိတ်ဝင်စားဖွယ် ကောင်းပြီး မြင် သူတိုင်း အံ့အား သင့် စေ မဲ့ ပစ္စည်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ။
သံလိုက်လေးများကို Scale အတိအကျဖြင့် အဓိက နေရာများတွင်ထည့်သွင်းပေးထားပြီး လှုပ်ရမ်းလိုက်ရုံဖြင့် အလယ် မှ Planet ကိုအရံ ဂြိုလ်များမှ Orbital လမ်းကြောင်းဖြင့် ပတ်နေသလိုမြင်တွေရမှာဖြစ်ပါတယ်။
Psuedo Random Motion ဖြင့် သွားနေတာကြောင့် မရိုး နိုင်သောထူးခြားသော လှုပ်ရှားမှု မျိုး ဖြင့် အ ဆက် မ ပြတ်သွားလာနေမှာဖြစ်ပါတယ်။
Space Museum Store များတွင် Top Seller ဖြစ် ပြီး Science , Physic ၀ါသနာ ပါ သူ များ ပ စ္စည်း ဆန်း စု ဆောင်း လိုသူများ အကြိုက်ဖြစ်သည်။ (ကစားစရာမဟုတ်ပါ)

Universal Mobile Telescope Camera Lens (With Tripod + Adjustable Holder)
Price - 18500 Ks

လူကြီးမင်းရဲ့ ဖုန်းမြင်ကွင်းကို Optical Zoom 8x ဆ ထိချဲ့ထွင်ပေးနိုင်ပြီးကြည်လင်ပြတ်သားသောရုပ်ပုံများကိုရိုက်ကူးပေးနိုင်မဲ့ High Quality Photography Telescope ။
ဓာတ်ပုံဝါသနာရှင်များ နှစ်သက်ကြမယ့် Gadget တစ်ခု ဖြစ်ပါတယ်။ အခြား Telescope Lens များထက်ထူး
ခြားချက်ကတော့ 7 inches Tripod (ကင်မရာဒေါက်) + Adjustable Holder တွဲဖက်ပါဝင်ပြီး တည်ငြိမ်သော ပုံရိပ်များကို အရည်အသွေးကောင်းမွန်စွာ ဖမ်းယူပေးနိုင်မှာ ဖြစ်ပါတယ်။ Screen Size 6.5 လက်မထိရှိသော မည် သည့် ဖုန်းမဆို တွဲဖက်အသုံးပြုနိုင်ပါသည်။ Zoom ဆွဲရာမှာ Focus ကိုလဲ အလွယ်တကူ Adjust လုပ်နိုင်ပါသည်။
Package includes:
1 x Phone 8x Zoom Telescope lens
1 x Adjustable Holder
1 x Tripod
1 x Travel Carrying Strap
1 x Nano Lens Wiping Cloth
1 x User manual
1 x Retail packaging box
Hong Kong စက်ရုံမှတိုက်ရိုက်တင်သွင်းပြီး ပစ္စည်း Quality ကိုအပြည့်အ၀အာမခံသည်။

Refined Science Microscope

Chemistry ၊ Physics ၊ Medical ၊ Geographical ၊ School Labs များတွင် Entry Level အနေဖြင့်အသုံးပြုနိုင်မဲ့ အဏုကြည့်မှန်ပြောင်းလေးပါ။အိမ်တွင်လဲအပျင်းပြေကလေးများအတွက် Educational Product အနေဖြင့် သစ်ရွက်များ၏ Cell များ ၊ အင်းဆက်ပိုးမွှားများ စသည်တို့ကို အသေးစိတ်ကြည့်ရှုပါသည်။ ရှာဖွေစူးစမ်းလိုသူများ စပ်စပ်စုစုပစ္စည်းလေးများကို ကြည်လင်ပြတ်သားစွာအသေးစိတ်ကြည့်ရှုနိုင်မဲ့ ပစ္စည်းလေးပါ။ Entry Level ဖြစ်လို့ အသုံးပြုရလွယ်ကူပြီး Zoom 1200x ထိကြည့်ရှုနိုင်ပါတယ်။
Focus အကွာအဝေးအလွယ်တကူချိန်ညှိရန်အတွက် Focus Tuner
Focus အကွာအဝေးအလွယ်တကူချိန်ညှိရန်အတွက် Focus Tuner
Build in Led Lights & Focus Tuner ပါဝင်သောကြောင့် မိမိကြည့်လိုသော အဏုဇီဝမြင်ကွင်းများကိုကြည်လင်ပြတ်သားစွာကြည့်ရှုနိုင်ပါသည်။
Specimen သိမ်းဆည်းရန်အတွက် Container Box x 3 ၊ Tweezer x 1

Specimen ကြည့်ရှုရန်အတွက် Blank Slide x 4 ၊ Predefined Slide x 1

Require 2 x AA Battery
Made with ABS Plastic
ကလေးများအသုံးပြုရာတွင် ဘေးမှစောင့်ကြည့်သင်ကြားပေးရန်လူတဦးလိုအပ်ပြီး 8 နှစ်အောက်ကလေးများအတွက်မသင့်တော်ပါ။

For Educational Purpose Only , Not for Professional uses.

Balance Ball Set

ပစ္စည်းဆန်းဆန်းစိတ်ဝင်စားသူ စုဆောင်းလိုသူတို့အတွက် သိပ္ပံဇာတ်ကားတွေထဲမှာမြင်တွေ့ရလေ့ရှိတဲ့Newton's Cradle လို့ခေါ်တဲ့ Balance Ball Set နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းလေးက Law of Momentum and Energy ကိုအခြေခံတည်ဆောက်ထားပြီး အလေးချိန်မျှတသော Chromium Alloyချိန်သီးလေးကို ၁ ဘက်က လွဲလိုက်ပါကတူညီတဲ့အားနဲ့ တဖက်စွန်းကချိန်သီးကို တွန်းကန်ပြီးလှပတဲ့ Pattern အဖြစ်မြင်ရမှာဖြစ်ပါတယ်။
ချိန်း သီး ၂ လုံး ကို တစ်ဖက်မှ လွဲရင်တော့ တခြား တစ်ဖက်မှာလဲ ချိန်သီး ၂ လုံးစာ လွင့်စင်သွားမှာ ဖြစ်ပြီး အ ပြန် အလှန် အားသက်ရောက်မှာဖြစ်ပါတယ်။ Science Lab များ Physics Lab များ တွင် သင်ထောက်ကူပစ္စည်းအဖြစ်သာမက Executive Toy (လူကြီးကစားစရာ) အဖြစ်ရုံးခန်းများတွင် Stress Reducer အဖြစ်အသုံးပြု ပြီး ထူးထူးဆန်းဆန်းစိတ်ဝင်စားသူများ ၊ အိမ်နှင့် ရုံးခန်း ထူးထူးခြားခြား အလှဆင်လိုသူများ အတွက်အကြိုက်ဖြစ်သည်။

Apple Core Slicer

ပန်းသီးကို 10 Seconds အတွင်း အခွံခွာ ၊ အူတိုင်ထုတ် ၊ အရစ်ဖော်ပေးမည့် Best Kitchen Gadget ဆုရ Core Slicer
အိမ်တိုင်းမရှိမဖြစ် ဆောင်ထားသင့်သော ပန်းသီး ၊ သစ်တော်သီး ကို စားချင်းစဖွယ် ပုံဖော်ပေးနိုင်မဲ့ပစ္စည်းလေးပါ။ High Quality Stainless Steel ကိုအသုံးပြုထားပြီး တည်ဆောင်မှုခိုင်ခံ့တာကြောင့် အလွယ်တကူသံချေးတက်ခြင်း မရှိပဲ ကြာရှည်အသုံးပြုနိုင်မဲ့ပစ္စည်လေးဖြစ်ပါတယ်။ အသုံးပြုပုံလဲရိုးရှင်းလွယ်ကူပြီး မည်သည့်အထောက်အကူမှမလိုပဲ စက္ကန့်ပိုင်းအတွင်း အခွံခွာ ၊ အူတိုင်ထုတ် ၊ အရစ်ဖော် ခြင်းကိုလုပ်ဆောင်နိုင်ပါတယ်။ အသုံးပြုနေစဉ်ပြုတ်ကျခြင်း ၊ ရွေ့လျားခြင်းမရှိအောင် Suction Cup (စုတ်ခွက်) ပါဝင်ပါသည်။

Automatic Bubble Machine

ပါတီပွဲ ၊ မွေးနေ့ပွဲ ၊ မဂ်လာဆောင် ၊Stage များ မှာထူးခြားပြီး ဆွဲဆောင်မှုရှိအောင် Automatic Bubble Machine များရောက်လာပါပြီ။
Professional Grade ဖြစ်တဲ့အတွက် Power ထိုးသုံးရသော အမျိုးအစားဖြစ်ပါသည်။
Professional Grade ဖြစ်တဲ့အတွက် Power ထိုးသုံးရသော အမျိုးအစားဖြစ်ပါသည်။
ကိုယ်ထည်ကို သံသားဖြင့်တည်ဆောက်ထားသောကြောင့် အကြမ်းပတမ်းခံနိုင်ပါသည်။
Safety အနေနဲ့ Fuse ပါဝင်သောကြောင့် Shock ဖြစ်လျင် Automatic Cut-out ပြုလုပ်နိုင်ခြင်း။
ကိုယ်ထည်ကို သံသားဖြင့်တည်ဆောက်ထားသောကြောင့် အကြမ်းပတမ်းခံနိုင်ပါသည်။
Fan Power 25 W ရှိသောကြောင့် ၁ မိနစ်တွင် ဆပ်ပြာရည်အမျိုးအစားပေါ်မူတည်၍ ပူဖောင်း ၃၀၀ မှ ၇၀၀ ကြား ထုတ်လွတ်နိုင်ခြင်း။
ဝင်ရိုးမော်တာ အနေအထားကို Clockwise , Anti-Clockwise ပြောင်းလဲနိုင်သောကြောင့် ပူဖောင်းထွက်မည့် Direction ကို ချိန်ညှိနိုင်ခြင်း။
Liquid Container ထဲတွင် တခါဖြည့်ထားလျှင် ၁ နာရီခန့် ဆက်တိုက် အသုံးပြုနိုင်သည်။

Classic 21 in 1 Swiss Army Knife

နိုင်ငံတကာမှာ လူတိုင်းအိမ်တိုင်းဆောင်ထားလေ့ရှိပြီး ခရီးမကြာခဏထွက်သူများ ၊ Camping ၊ Picnic ထွက်သူများ ၊ အိတ်ဆောင်စွယ်စုံ Tools စုဆောင်းသူတွေအကြိုက် Swiss Army Knife
Swiss Army Tools ဆိုရင် ပြောစရာမလိုလောက်အောင်နာမည်ကြီးလူကြိုက်များပြီး မရှိမဖြစ် Tools အစုံအ လင်ပါဝင်တဲ့ ကိရိယာလေးကိုပြေးမြင်မိမှာပါ။ Generation ပေါင်းများစွာရှိပြီးနောက်ဆုံး ထွက်တဲ့ ဒီပစ္စည်းလေးကတော့ နေရာလွတ်ဆိုလို့မရှိလောက်အောင် Tools 21 ခုကို ကပ်သီးကပ်သပ်ထည့်ထားတဲ့ပစ္စည်းလေးပါ။ .
High Grade Stainless Steel , အကြမ်းခံ Nylon Handle ဖြင့်ပြုလုပ်ထားပြီး Factory မှ Lifetime Warranty ပါဝင်တာကြောင့် Quility ပိုင်းစိတ်ချရပြီး မည်သည့် အကြောင့်ပြချက်ဖြင့်မဆို ကျိုးပဲ့ ၊ သံချေးတက်ခြင်း ဖြစ်ပေါ်ပါက အခမဲ့အသစ်တခုပြန်လှယ်ပေးမှာဖြစ်ပါတယ်။
Original Swiss Logo ပါဝင်ပြီး ၊ သေသပ်လှပသော Swiss Logo Gift Box ဖြင့်ထုတ်ပိုးထားတာကြောင့် လက်ဆောင်ပေးဖို့ အတွက်လဲအရမ်းအဆင်ပြေပါတယ်။
Functions and Details


Flat Screw Driver ၊ Eye Glass Screw Driver ၊ Phillip Screw Driver ၊ ၀ိုင်ဖောက်တံ ၊ ပလာယာ ၊ Merlin Spike ၊ ဒါး တို/ရှည် ၊ Nail Cleaner ၊ ပုလင်းဖောက်တံ ၊ တံစဉ်း ၊ သံဖြတ်လွှ ၊သစ်သားဖြတ်လွှ Inches Ruler ၊ သွားကြားထိုးတံ ၊ ဇာဂနာ ၊ ကတ်ကြေး ၊ စည်သွတ်ဘူးဖောက်တံ ၊ Magnifying Glass ၊ Wood Chisel ၊ Key Ring ။

Mocreo® World Slimmest Power Bank

Smart Phone နည်းပညာ တိုးတက်​လာ​ပေမဲ့ ဖုန်းတိုင်းတွင်​ ကြုံ​တွေ့​နေရသည့်​အခက်​အခဲက Battery Life ကြာရှည်ခံမှု မရှိခြင်းဖြစ်သည် ​။ လူတိုင်းPower Bank ရှိတတ်​ကြ​ပေမဲ့ Size ကြီးမားတဲ့အတွက်​ ​နေရာတိုင်းအလွယ်​တကူ မ​ယူ​ဆောင်​နိုင်ကြပါ။
အလွယ်​တကူ ပိုက်​ဆံအိတ်​ထဲသယ်​ ဆောင်​နိုင်​ပြီး Power Bank ကြီးကြီး တကူးတက မသယ်​လိုသူများအတွက်​ အိတ်​​ဆောင်​ Credit Card Size Power ​Bank လေးပါ။
Ultra Slim Compact Design ဖြစ်လို့အထူ 6mm သာရှိပြီး သာမာန်​ Battery များထက်​ Lithium Polymer Battery (Phone များတွင်​အသုံးပြု​သော Battery) ကိုအသုံးပြုထားလို့ အသုံးပြုရ အန္တရာယ်​ကင်း ၊ အရွယ်​အစားကျစ်​လစ်​ ပြီး ၊ Battery သက်​တမ်းကြာရှည်​ခံပါသည်​။
အရွယ်​အစားပါးလွှာ​သော်​လည်း 2500 mah ပါဝင်​လို့ ဖုန်းအများ စု ကို 20% မှ 100% ထိအားဖြည့်​နိုင်​မှာပါ။ အားသွင်း ကြိုး Body ထဲတွင်​ ပါဝင်​ပြီးဖြစ်​ပြီး အသုံးလို မှ ဆွဲထုတ်​အသုံးပြုနိုင်​ပါသည်​။ iPhone အသုံးပြုလိုသူများအတွက်​လည်း Lightning Adapter ဖြင့်​ရရှိနိုင်​ပါသည်​။

Original Night View Glasses (ညကြည့်မီးမစူး မျက်မှန်)

ကားမောင်းသူများအတွက်အထူးသင့်တော်တဲ့မျက်မှန်လေးပါ။လမ်းမှောင်သည့်နေရာ၊မိုးသည်းသည့်နေရာတွေရောက်ရင် Night View Glasses(ညဖက်ကြည့်မျက်မှန်) လေးတပ်ပြီးမောင်းမယ်ဆိုရင် လူကြီးမင်းတို့အတွက် လုံခြုံမှုရှိစေမှာ အမှန်ပါ။
ဒီ မျက်မှန်ရဲ့ အားသာချက်ကတော့ မိမိ၏မျက်နှာချင်းဆိုင်မှလာသော အလင်းတန်းကို အလယ်တွင် စုဆုံစေပြီး ဘေးနှစ်ဖက် ရှိအရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါတယ်။ ထို့အပြင် မိုးသည်းထန်စွာရွာသွန်းနေချိန်၊ မြူဆိုင်းနေချိန် တွေမှာလည်း မိမိအရှေ့မှာရှိတဲ့ အရာတွေကို ဝေဝါးမနေဘဲ ကြည်လင်စွာမြင်နိုင်ပါတယ် ။
ကားမောင်းအချိန်တွင်သာ မဟုတ်ဘဲ စက်ဘီးစီးခြင်း၊ တောင်တတ်ခြင်း၊ အလှအပ Fancy အနေနဲ့ရော အသုံးပြုနိုင်ပါတယ်။ ထို့အပြင် UVA & UVB 100% ကာကွယ်တာကြောင့်နေရောင်ခြည်မှလာသော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသောကြောင့် လူကြီးမင်းတို့မျက်လုံးထိခိုက်ခြင်းပါဘူး။ ပါဝါသမားများအတွက်လည်း မိမိမျက်မှန်မှာ ထပ်စွတ်လို့ရတဲ့ Version ရှိပါတယ်။

Romantic Love Pearl Set – Class A Genuine Product

ပုလဲ ဆိုတာချစ်ခြင်းရဲ့ သင်္ကေတ တခုပါ။ မိမိချစ်သူကိုတစ်သက်လုံးအမှတ်ရနေစေမဲ့ လက်ဆောင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဆွဲကြိုး + Locket လေးနဲ့ ပါဝင်တာကတော့ အလုံပိတ်ဘူးလေးနဲ့ ကမာကောင်လေးပါ။
ဒီ မျက်မှန်ရဲ့ အားသာချက်ကတော့ မိမိ၏မျက်နှာချင်းဆိုင်မှလာသော အလင်းတန်းကို အလယ်တွင် စုဆုံစေပြီး ဘေးနှစ်ဖက် ရှိအရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါတယ်။ ထို့အပြင် မိုးသည်းထန်စွာရွာသွန်းနေချိန်၊ မြူဆိုင်းနေချိန် တွေမှာလည်း မိမိအရှေ့မှာရှိတဲ့ အရာတွေကို ဝေဝါးမနေဘဲ ကြည်လင်စွာမြင်နိုင်ပါတယ် ။
ကမာကောင်ဘေးကို ခွဲထုတ်လိုက်ရင် ကမာသားထဲမှာ သဘာဝပုလဲအစစ်ကိုတွေ့ရမှာဖြစ်ပါတယ်။ ပုလဲအရောင်ကတော့Random ဖြစ်ပြီး White: health, Cream: happiness, Peach: romance, Lavender: wisdom, Golden: wealth ဆိုပြီးခွဲထားပါတယ်ရှင်။
Love Pearl Set လေးကို လှပသေသပ်သော Package နဲ့ ထုတ်ပိုး ထားပြီး ဆွဲကြိုးနဲ့ Locket လေးကို Quality မြင့် Copper Electroplated Material ဖြင့်ပြုလုပ်ထားတာကြောင့် အရောင်လွင့်ခြင်း ၊အရေ ပြားနှင့် ဓာတ်မ တည့် ခြင်းလုံးဝမရှိပါ။ ပုလဲစစ်စစ်ဖြင့်ကြောင်းအာမခံပြီး မွေးပုလဲ (သက်နု) ဖြစ်ပါတယ်။ နိုင်ငံတကာမှာ အမှတ်တရ လက်ဆောင် Souvenir အဖြစ်လူကြိုက်များ တဲ့ပစ္စည်းလေးဖြစ်ပြီး တွေ့ဖူး သူတိုင်း အံ့အား သင့် စေတဲ့ ပစ္စည်း လေးပေါ့။

လူကြီးမင်းတို့၏တနေ့တာလှုပ်ရှားမှု များကို တိုင်းတာပေးမဲ့ Bluetooth Smart Band(TW64 Smart-Band)

ကျန်းမာရေးလိုက်စားသူများ ၊အားကစားလိုက်စားသူများ ၊Wearable Gadget ကြိုက်နှစ်သူများ အတွက် TW64 Smart-Band Motion Sensor , Proximity Sensors , Pedometer အစရှိသည့် အာရုံခံကိရိယာများဖြင့်ဖွဲ့စည်းတည်ဆောက်ထားပြီး မိမိ တနေ့တာလှုပ်ရှား မှု ခြေလှမ်းအရေအတွက် ၊ Calorie လောင်ကျွမ်း မှု နှုန်း ၊အိပ်စက်မှု မှတ်တမ်း များ ကို အသေးစိတ်မှတ်တမ်းတင်ပေးသော ကြောင့် နိုင်ငံတကာတွင် Smart-Band များ ကို ကျန်းမာရေးအတွက်သာမက Fashion Gadget တခု အနေဖြင့်ပါဝတ်ဆင်လာကြပါသည်။
Real Time Motion Tracking တနေ့တာ လှုပ်ရှားခဲ့သမျှ ခြေလှမ့်းအရေအတွက် ၊ကယ်လိုရီလောင်ကျွမ်းမှု ၊ သွားခဲ့သော အကွာအဝေး တို့ကို Smart Phone မှဖြစ်စေ Band မှ ဖြစ်စေ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
Sleep Quality Monitoring တညတာ အိပ်စက်နေစဉ်အတွင်း Deep Sleep ၊Light Sleep ၊ Sober Sleep အစရှိသည့် အိပ်စက်ချိန်များကိုစောင့်ကြည့်မှတ်သားပေးပါသည်။Built in Display ပါဝင်သောကြောင့် နာရီ အဖြစ်အသုံးပြုနိုင်ရုံသာမက ကယ်လိုရီလောင်ကျွမ်း မှု ၊ ခြေလှမ်း အရေအတွက် ၊ အကွာအဝေး တို့ကို Band ပေါ်မှတိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။




1 Week Battery Life! BLE
Bluetooth (4.0) Low Energy ကိုအသုံးပြုထားသောကြောင့် ဖုန်းဖြင့်ချိ တ်ဆက်ရာတွင် Battery သုံးစွဲမှုမရှိသလောက်နည်းပါးပြီး အမြဲချိတ်ဆက်နေခြင်းမရှိပဲ လိုအပ်သည့်အချိန်တွင်သာ ချိတ်ဆက်ပါသည်။ အားသွင်းချိန် 10 မိနစ်ခန့်သာလိုအပ်ပါသည်။

Data Synchronise
Data များ ကို Band ရှိ Memory တွင် မှတ်သားထားပြီး ဖုန်း App ဖြကင့်ချိတ်ဆက်ပါအလွယ်တ ကူချက်ခြင်း ပြန်လည် ကြည်ရှုနိုင်ပါသည်။ ဖုန်းApp တွင်လဲ နေ့စဉ် ၊ အပတ်စဉ် ၊လစဉ် မိမိ ပြုလုပ်ခဲ့သမျှ မှတ်တမ်းတင်ပေးပြီး Step Goal , Sleep Goal ကို သတ်မှတ်ထားနိုင်သောကြောင့် အားကစားလုပ်ရန်တွန်း အားဖြစ်စေပါသည်။

Other Features Call Vibration , Anti Lost , Vibrate Alarm , Water Drink Reminder IP6X Certified ဖြစ်ပြီး သာမန် မိုးရွာ ခြင်း ၊ မျက်နှာသစ် ခြင်း များအတွက် စိတ်ချလက်ချအသုံးပြုနိုင်ပါသည်။ Europe / USA အစရှိသောနိုင်ငံများသို့တင်ပို့သော အမျိုးအစားဖြစ်သည့်အတွက် Design / Build Quality အထူးကောင်းမွန်ပြီး Quality မြင့် Silicon သားဖြင့်ပြုလုပ်ထားသောကြောင့် ၀တ်ဆင်ရာတွင် ပေါ့ပါးပြီး ၀န်ထုတ်ဝန်ပိုးမဖြစ်စေပါ။

DZ09 Smart Watch (Smart Watch for Everyone!)

ဈေးနှုန်းသင့်တင့်တဲ့အပြင် Design လှပ ၊ အကြမ်းခံပြီး အဆင့်မြင့် Function ပေါင်းများစွာပါဝင်လို့ နိုင်ငံတကာတွင် လူကြိုက်များသော Smart Watch အမျိုးအစား ဖြစ်ပါသည်။ Sim Card ထည့်သွင်း နိုင်သော အမျိုး အစား ဖြစ်ပြီး သာမန်နာရီ ကြည့်ခြင်းထက် ဖုန်းဖြင့် ချိတ်ဆက်၍ နာရီမှ Speaker ဖြင့် Handsfree ခေါ်ဆိုခြင်း ၊ ကျန်းမာရေး အထောက်အကူပြု Function များပါဝင်ခြင်း ၊ ဖုန်းမှ Noti ကို နာရီတွင်တိုက်ရိုက်ကြည့်ရှုနိုင်ခြင်း ၊ ကင်မရာအသုံးပြု နိုင်ခြင်း ၊ သီချင်းနားထောင်ခြင်း အစရှိသည့်အဆင့်မြင့်လုပ်ဆောင်ချက်များကြောင့် နိုင်ငံတကာတွင် Smart Watch များခေတ်စားလာပြီး ဖုန်းတကူးတကမကိုင်လိုသူ ၊ ယဉ်မောင်းသူများ ၊ နည်းပညာစိတ်ဝင်သူများ ၊ ကျန်းမာရေးလိုက်စားသူများ အတွက် အထူးသင့်တော်ပါသည်။
Dual Calling Mode
iPhone, Android ဖုန်းများနှင့် Bluetooth ချိတ်ဆက်ပြီး Handfree အနေနဲ့အသုံးပြုနိုင်သလို Sim Card (MPT,Telenor) ထည့်သွင်းပြီး ဖုန်းတလုံးကဲ့သို့အသုံးပြုနိုင်ပါသည်။ DZ09 ကို Bluetooth Headset ဖြင့်ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပါသည်။
Contact Synchronize
ဖုန်းအတွင်းမှ Contact / Call Log များကို Bluetooth ချိတ်ဆက်ရုံဖြင့် နာရီမှ ကြည့်ရှု / ခေါ်ဆိုနိုင်ပါသည်။
Built-in Camera / Bluetooth Remote Capture
ဓာတ်ပုံ ၊ Video ရိုက်ကူးရန်အတွက်ကင်မရာပါရှိပြီး ဖုန်းကင်မရာကို လဲ နာရီဒိုင်ခွက်ပေါ်မှထိန်းချုပ်ပြီး ရိုက်ကူးနိုင်သဖြင့် အဝေးထိန်းShutter Key အနေဖြင့်အသုံးပြုနိုင်ပါသည်။
(Smart Notification) ဖုန်းအတွင်းရှိ မည်သည့် Notification မဆို (Email , Message , Chat , Viber , Facebook , etc) အစရှိသည်တို့ကို ဖုန်းဖွင့်ရန်မလို ပဲ နာရီပေါ်တွင်တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းကြောင့် Noti တက်တိုင်း ဖုန်းကိုတကူးတက ဖွင့်နေရန်မလိုအပ်ပဲ နာရီ ပေါ်မှ Smart ကျကျကြည်ရှုနိုင်ပါတယ်။
Music Player (4 Modes) ဖုန်းမှ Music ကို နာရီပေါ်တွင် တိုက်ရိုက်ဖွင့်နိုင်ခြင်း ၊ ဖုန်းမှ Music Player ကို နာရီမှတိုက်ရိုက်ထိမ်းချုပ်နိုင်ခြင်း ၊ နာရီ၏ Memory မှ Music ကို နာရီပေါ်တွင်ဖြစ်စေ Bluetooth နားကြပ်မှ တဆင့်ဖြစ်စေ နားထောင်နိုင်ပါသည်။
(Smart Notification) ဖုန်းအတွင်းရှိ မည်သည့် Notification မဆို (Email , Message , Chat , Viber , Facebook , etc) အစရှိသည်တို့ကို ဖုန်းဖွင့်ရန်မလို ပဲ နာရီပေါ်တွင်တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းကြောင့် Noti တက်တိုင်း ဖုန်းကိုတကူးတက ဖွင့်နေရန်မလိုအပ်ပဲ နာရီ ပေါ်မှ Smart ကျကျကြည်ရှုနိုင်ပါတယ်။
(Built In Pedometer) ကျန်းမာရေးလိုက်စားသူများ အားကစားသမား များအတွက် မိမိတနေ့တာ လှုပ်ရှား မှု ခြေလှမ်းအရေအတွက် ၊ Speed ၊ Mileage ၊ ကယ်လိုရီလောင်ကျွမ်းမှုပမာဏကို ဖော်ပြပေးနိုင်ပါသည်။ Sendentary Reminder ပါဝင်လို့ လေ့ကျင့်ခန်းပြုလုပ်နေစဉ် သတ်မှတ်ထိ အချိန်ထက်ပိုပြီး ပိုနားပါက Alarm ဖြင့်သတိပေးမည်ဖြစ်ပါသည်။
(Sleep Monitoring System) တညတာအိပ်စက်မှုမှတ်တမ်း Sleep Quality ကို မှတ်တမ်းတင်ပေးနိုင်မည့် Function ပါဝင်သည်။
(Anti-Lost Alarm / Find My Phone) ဖုန်း နှင့် နာရီ Bluetooth ချိတ်ဆက်မှု ပေ ၄၀ ကျော် ပြတ်တောက်သွားပါက နာရီတွင် Vibration and Alarm ဖြင့်သတိပေးပြီး မိမိဖုန်းကို ချက်ခြင်းသိရှိနိုင်ပါသည်။ ဖုန်း ဘယ်နားထားမိသည်ကို မေ့တတ်သူများ အတွက်လဲ Find My Phone စနစ်ဖြင့် မိမိဖုန်းတွင် Alarm သံမြည်စေပြီး ပြန်လည်ရှာဖွေနိုင်ပါသည်။
(Gallery and Video Player) Micro-SD 32Gb အထိ Support ပြုလုပ်ပေးပြီး ကတ်ထဲ မှ ဓာတ်ပုံ ၊ Video များ ကို နာရီပေါ်တွင်တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
FM Radio, Voice Recorder , Alarm , Calculator , Calendar , Themes , Browser , Sim Toolkit
380Mah Battery ပါဝင်ပြီး ပါဝင်ပြီး ၂ – ၃ နာရီခန့်အားသွင်းရုံဖြင့် ပုံမှန် နာရီအနေဖြင့် Stand By ၂ ရက် မှ ၄ ရက် ၊ ဖုန်းဆက်တိုက်အသုံးပြု ပါက ၆ နာရီခန့်ခေါ်ဆိုနိုင်ပါသည်။
Updated Version တွင် Themes Function , Notification Bar , Screen Widget , Screen Transation Effect များ အပြင် မြန်မာစာ Unicode စနစ်လည်းအသုံးပြုနိုင်ပါသည်
DZ09 အမျိုးအစားပေါင်းများစွာရှိသည့်အနက် Europe သို့တင်ပို့သော 1st Grade [Branch X9] ပစ္စည်းမှန်ကို Factory Direct တိုက်ရိုက်တင်သွင်းပြီး တချို့ဆိုင်များတွင်ရောင်းချသော Quality ညံ့ဖျင်းသော အမျိုးအစား များ တွင်ဖြစ်လေ့ရှိသည့် Battery မခံခြင်း ၊ Bluetooth မကြာခဏ လွတ်ခြင်း ၊ Screen Resolution မပြည့်မှီခြင်း မျိုးလုံးဝမရှိပဲ ပစ္စည်းမှန်ဈေးမှန်ရမည်ဟုအာမခံပါသည်။်
Remote Capture , Smart Notification စနစ်အသုံး ပြုရန်အတွက် Play Store တွင် Mediatek SmartDevice သို့မဟုတ် Bluetooth Notifier ဟူသော App ကို Install ပြုလုပ်ရန်လိုအပ်ပါသည်။

စည်းကမ်းသတ်မှတ်ချက်များ

(၁)

signup ပြုလုပ်ရာတွင် ကျေးဇူးပြု၍ information များကို မှန်ကန်စွာ ဖြည့်ပေးပါ။

(၂)

Get Chance တွင် signup ပြုလုပ်သည့် နာမည်သည် မှတ်ပုံတင်တွင်ပါသော နာမည်နှင့်မတူပါက၊ ၄င်း member မှာ ကံထူးရှင် ဖြစ်ခဲ့ပါက ဆုထုတ်ပေးမည် မဟုတ်ပါ။

(၃)

ကံထူးရှင်အတွက် ဆုမဲထုတ်ပေးရာတွင် အချိန်နှင့်နေရာကို mail ဖြင့် အကြောင်းကြားပေးခြင်း၊
https://www.facebook.com/GetChanceMyanmar တွင်ကြေငြာပေးခြင်းဖြင့် အကြောင်းကြား သွားပါမည်။ သတ်မှတ်ရက်အတွင်း လာမထုတ် ပါက (လုံးဝ) ထုတ်ပေးမည် မဟုတ်ပါ။

(၄)

ပေါက်မဲပစ္စည်းထုတ်ရာတွင် ကံထူးရှင်မှ မှတ်ပုံတင်နှင့် တကွ လာရောက် ထုတ်ယူရပါမည်။

(၅)

ဆုမဲဖောက်ပေးသည့်နေ့တွင် ကံထူးရှင်အား email ဖြင့်အကြောင်းကြားပေးမည်ဖြစ်ပြီး (၅)ရက်အတွင်း ပြန်လည်
အကြောင်းပြန်ကြားခြင်း မရှိပါက ကံထူးရှင်အဖြစ်မှ ပယ်မည်ဖြစ်ပါသည်။

(၆)

ကံထူးရှင်များအား ရွေးချယ်ရာတွင် Get Chance မိသားစုဝင်များ ပါဝင်ခွင့်မပြုပါ။

(၇)

ဆုရွေးချယ်ရာတွင် (Get Chance Team)၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။


စည်းကမ်းချက်များအားလိုက်နာမည်ဆိုပါက အောက်ပါ ဆုရွေးမည်ခလုတ်အား နှိပ်၍ ဆုစတင် ကံစမ်းနိုင်ပါသည်။



GET CHANCE APK DOWNLOAD




သြဂုတ်လ ကံထူးရှင်များ